Monday 1 August 2011

sararraunglayဆိုဒ်လေးမှ ....အသုံးဝင်သော website Link လေးများ။


User တွေအတွက်မရှိမဖြစ် website index
1. http://www.wikipedia.org
2. yahoo finance( http://finance.yahoo.com )
3. Craigslist.com
4. ESPN( http://www.espn.com )
5. http://www.yelp.com
6. http://facebook.com
7. http://www.digg.com
8. http://www.google.com
9. http://www.TMZ.com
10. http://www.flicker.com
မှတ်ချက်။ ။ အထက်ပါ site များ၏ tool များကိုအလိုရှိပါလျှင် google.comပေါ်ရှိ search boxတွင် လိုချင်သောtool နာမည် for my space သို.မဟုတ် facebook ဟူ၍ ထည့်သွင်းရှာဖွေပါ။

http://www.virustotal.com/ ဒီဆိုက်က အချိန်နှင့်အမျှ Virus အမျိုးအစားတွေကို မှတ်တမ်းတင်တဲ့အပြင် နောက်ဆုံးထွက် virus တွေကို သတ်နိုင်စွမ်းလည်း ရှိတဲ့အတွက်ကြောင့် မိမိဆီကိုရောက်လာတဲ့ မိမိမှာရှိတဲ့ သံသယဖြစ်ဖွယ်ကောင်းတဲ့ဖိုင်တွေကို upload လုပ်ပြီးစစ်ဖို့ သင့်တော်ပါတယ်။အောက်ပါဆိုက်တွေကလည်း Virus Scan ကို Online စစ်ပေးတဲ့ ဆိုက်တွေဖြစ်ပါတယ်။  
http://housecall.trendmicro.com/
www.bitdefender.com/scan8/ie.html

http://www.webmonkey.com Webmonkey ဟာ webdesign နဲ့တခြား နည်းပညာပေါင်းမြောက်မြားစွာကိုစတင်လေ့လာမယ့်လူတွေအတွက်ရော၊ devoloper အတွက်ပါ အဆင်ပြေစေတဲ့ websiteတစ်ခုဖြစ်ပါတယ်။ Multimedia, programming, mobile techniques တွေနဲ့server page တွေ အတွက်ပါ အထူးအားထားရတဲ့ tutorial ပေါင်းများစွာကိုစုစည်းထားပါတယ်။ ဒါ့အပြင် blog ရေးသားသူတွေအတွက်ပါ RSS ကိုဘယ်လိုလေ့လာမလဲ။ Wordpress ကိုစတင် တည်ဆောက်ခြင်း Adword နဲ့ blogကိုချိတ်ဆက်ခြင်းတွေ အတွက်ပါ လေ့လာလို့ ရနိုင်စေပါတယ်။

http://www.digital-photography-school.com Photoshop အတွက် အလွန်အသုံးဝင်တဲ့ shortcut key တွေကို စုစည်းထားပါတယ်၊ဓာတ်ပုံပညာကို လေ့လာလိုက်စားလိုသူတွေအတွက် အကောင်းဆုံး website တစ်ခုလို့ခေါ်ဆိုနိုင်မယ့်အချက်ကတော့ လူသစ်တန်းတွေအတွက်ဓာတ်ပုံပညာပေါင်းများစွာကိုစုစည်းပြီး သင်တန်းတစ်ခုအနေနဲ့ဖွင့်လှစ်ပို့ချနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေလို့ပါပဲ။ How to guide တွေထဲမှာ color ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုကိုအဖြူအမည်းအသွင်ကူးပြောင်းတဲ့ နေရာမှာလိုအပ်တဲ့ အချက်အလက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေကို လေ့လာနိုင်စေပါတယ်။ အခကြေးငွေနဲ့ accountဖွင့်လှစ်ပြီး ပို့ချချက်တွေကို ရယူနိုင်သလို အခမဲ့အသုံးပြုသူတွေအတွက်လည်းအလွန်ကောင်းမွန်တဲ့ သင်ခန်းစားတွေ ရှိနေပါတယ်။

http://www.photoshop-lab.com PNG format နဲ့တည်ရှိနေတဲ့ ဓာတ်ပုံတွေထဲက ပျော်ရွှင်စရာ၊ Image ပြုလုပ်နည်းတွေ၊ Pen tool ကိုကိုင်တွယ်အသုံးချနည်း၊ photoshop ရဲ့အခြေခံအချက်အလက်တွေရယ် အပြင် Digital painting တွေကိုပါ ရယူနိုင်ပါတယ်။Photoshop ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ၊အကောင်းဆုံးစွမ်းဆောင်နိုင်မှုတွေရယ် ရယူရင်း Photoshop ဂုရုတစ်ယောက်ဖြစ်လာအောင် သင့်ကိုကူညီနိုင်ပါလိမ့်မယ်။

http://www.photoshop101.com ဓာတ်ပုံလောကမှာ ပြုပြင်တည်းဖြတ်ခြင်းနဲ့ ပတ်သတ်လာရင်အကောင်းဆုံးဆော့ဝဲတစ်ခုဖြစ်တဲ့ Photoshop ရဲ့ photo mainipulation ကိုသင်ကြားပေးရင်း layouts နဲ့ interface ဒီဇိုင်းပညာတွေကိုလေ့လာနိုင်ပါမယ်။ ဆောင်ရန် ၊ ရှောင်ရန်နဲ့ မှတ်ရန်လေးတွေကိုရရှိဖို့အတွက်တော့ 'tip and bsics' ထဲမှာ ကြည့်ရှုရင်း ကျွမ်းကျင်အောင်သင်ကြားနိုင်ပါတယ်။

http://www.forwebdesigners.com အမျိုးမျိုးအစားစား မတူညီ ကွဲပြားတဲ့ subject တွေကို တည်ဆောက်ပြီး webpage တစ်ခုကို အကောင်းဆုံး design နဲ့အလှဆင်နိုင်စေမယ့် tool တွေကိုသင်ကြားပေးနေတဲ့ web စာမျက်နှာ တစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင် iconတစ်ခုဘယ်လိုပြုလုပ်မလဲဆိုတာကို သူ့ရဲ့ server ထဲမှာမရှိပေမယ့် color, css,fonts, freephoto, icons, inspirations, graphic စတဲ့ရှိရှိသမျှလိုအပ်တဲ့နေရာတွေကို link တွေနဲ့ ချိတ်ဆက်တည်ဆောက်ပေးထားတဲ့အတွက်ကျေးဇူးတင်ချင်စရာပါ။

http://www.11amdesign.com Photoshop ရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် 101 ခု၊ photoshop မှာတိမ်မြုပ်နေတဲ့ Action scription စတဲ့ ရှားပါးဆောင်းပါးတွေနဲ့တွေ့ရခဲလှတဲ့ tool တွေရဲ့ အလုပ်လုပ်ပုံတွေကို တင်ပြထားတာမို့ 11amdesignဟာလည်းပဲ လေ့လာနိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်းစေတာကို တွေ့ရပါမယ်။

http://www.worth1000.com ထူးခြားဆန်းကြယ်တဲ့ website တစ်ခုဖြစ်ပါတယ်။ ခေတ်မီဆန်းပြားတဲ့ဓာတ်ပုံတွေတိုင်းဟာ worth 1000 နဲ့ လွတ်ကင်းတယ်လို့မရှိရအောင် resources ကြွယ်ဝလွန်းတဲ့ site တစ်ခုဖြစ်ပါတယ်၊ ဓာတ်ပုံနှစ်ခုကိုပေါင်းစပ်အသုံးပြုနည်းဆိုတာဟာ worth 1000 အတွက် အနိမ့်စားသင်ခန်းစာတစ်ခုသာဖြစ်ပါတယ်။ pdf ဖိုင်တွေနဲ့ သင်ခန်းစာတွေကိုပါ ရယူနိုင်သလိုအံသြဘနန်းဆန်းကြယ်တဲ့ ဓာတ်ပုံပေါင်းများစွာကို စုစည်းထားတဲ့စာမျက်နှာတစ်ခုဖြစ်တာမို့ ဓာတ်ပုံတစ်ပုံကို ကြည့်ရတာနဲ့တင် worth 1000ကိုလည်ပတ်ရတာ ထိုက်တန်ပါတယ်။ http://www.elitebydesign.com နှစ်လိုဖွယ် အကောင်းဆုံး သင်ခန်းစာ 25 ခု modern image ပြုလုပ်ခြင်း၊refelction ပြုလုပ်ခြင်း၊ website ကို vector style နဲ့ cartoon layoutတွေထည့်သွင်းခြင်း၊ icon နဲ့button ပြုလုပ်ခြင်း၊ blog စတိုင်ပြုလုပ်ခြင်းစတာတွေကို elitedesign မှာ ရရှိနိုင်ပါတယ်။ web 2.0 စတိုင်တည်ဆောက်ထားတဲ့ home page ကို မြင်ရတာနဲ့တင် သင်ခန်းစားတွေဟာဘယ်လောက်ကောင်းမွန်သလဲဆိုတာကို နားလည်သဘောပေါက်သွားမှာပါ။

www.photoshopcafe.com Photoshop ကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုတာ layer တွေကိုဘယ်လိုကိုင်တွယ်နိုင်သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ Photoshopcafe မှာ layer တွေကို ကျွမ်းကျင်စွာ အသုံးချနိုင်တဲ့ နည်းလမ်းတွေကိုစာအုပ်စာတမ်းအမျိုးစုံထဲကနေ ကောက်နုတ်တင်ပြထားပါတယ်။ Photoshop နဲ့ပတ်သတ်တဲ့ စာအုပ်တွေကိုလည်းအမြည်းအစမ်းသဘောမျိုးရယူခွင့်ပေးထားတဲ့အပြင် တခြားရှိသင့်တဲ့သင်ခန်းစာလေးတွေလည်း အများအပြားရှိနေပါတယ်။

http://www.watchandlearnphotoshop.com Photoshop သင်ခန်းစာတွေကို video file တွေနဲ့ download ရယူခွင့်ပေးထားပါတယ်။ Email နဲ့ user name ကို ဖြည့်စွက်ပြီး registerလုပ်လိုက်တာနဲ့ vedio file တွေအတွက် access လုပ်ခွင့် ရရှိလာပါလိမ့်မယ်။ဒါ့အပြင် အခုခေတ်ပေါ် CS3 Version ရဲ့ tips and tricks တွေကိုရရှိနိုင်ပြီး photoshop နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကိုပါဖော်ပြပေးနေတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ် ●

အသုံးဝင်မယ့် web siite link လေးတွေပါ

http://uncyclopedia.org google ကနေ ကုမ္ပဏီကိုအလုပ်လာရှောက်တဲ့ လူတွေကို မေးခွန်းတွေမေးပါတယ်။ ထင်ရှားတဲ့ မေးခွန်းက ““နပိုလီယန် စီးခဲ့တဲ့ မြင်းဖြူကြီးက ဘာအရောင်လဲတဲ့” အဲဒီလိုမျိုး ကြံကြံဖန်ဖန် ကတ်သီးကတ်သတ်တွေကို ရေးသားဖော်ပြထားပြီး ဟာသစွယ်စုံကျမ်းတစ်ခု တည်ဆောက်ထားပါတယ်။ Logo ဒီဇိုင်းယူထားတဲ့ ပုံသဏ္ဍာန်ကိုက WiKi ရဲ့ logo ကို အချိုးဖျက်ပြီး ရေးဆွဲထားတာဖြစ်တဲ့အပြင် နည်းပညာ၊ လူမှုရေး၊ စီးပွားရေးနဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖြစ်အပျက်မှန်သမျှကို ဟာသအမြင်နဲ့ သရော်တော်တော်ဖော်ပြ တင်ဆက်နေတာမို့ စွယ်စုံကျမ်းစာမျက်နှာတွေမှာ WiKi ပြီးရင် လူကြိုက်အများဆုံး စာမျက်နှာတစ်ခု တစ်မုဟုတ်ချင်း ဖြစ်တည်လာပါတယ်။ ခင်ဗျားရဲ့ ဟာသဥာဏ်တွေကို တစ်ကမ္ဘာလုံးကို ဖြန့်ဝေဖို့အတွက် အခမဲ့ရေးသားတည်းဖြတ်နိုင်ခွင့်လည်း ရရှိပါဦးမယ်။

http://www.geekpedia.com နည်းပညာနဲ့ပတ်သတ်သမျှ “ဟင်းလေးအိုးကြီးလို့“ အဆိုရှိပါတယ်။ Geek pedia ဟာ သူ့ရဲ့စာမျက်နှာမှာ တင်ထားတဲ့ သူ့ကိုယ်ပိုင်အကြောင်းအရာက နည်းပါးလှပေမယ့် သူကနေ ရှာဖွေချိတ်ဆက်ထားတဲ့ ကွန်ပျူတာနည်းပညာ လုပ်ကိုင်နည်းတွေကတော့ အလွန်ပေါများပြီး ထိရောက်မှုရှိပါတယ်။ Tips and tricks တွေနဲ့ How to guide line ကိုဦးတည်ဖော်ပြပေးနေတာမို့ ၀င်ရောက်လည်ပတ်တဲ့ လူအဖို့အကျိုးကျေးဇူး တစ်စုံတစ်ရာ ဖြစ်ထွန်းမယ်ဆိုတာ သေချာလှပါတယ်။

http://www.iconspedia.com Destop အတွက်ပဲဖြစ်စေ၊ ကိုယ်web စာမျက်နှာကို အလှဆင်ဖို့ပဲဖြစ်စေ လိုအပ်တဲ့ icon လေးတွေကို ရရှိနိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ Windows, Apple, Linux platform အတော်များများမှာ သုံးစွဲနိုင်စေမယ့် icon တွေကို server ကနေ တိုက်ရိုက် download ချပြီး ရယူနိုင်ပါတယ်။ စတင်တည်ထောင်ထားခဲ့တဲ့ အချိန်မကြာလှသေးတဲ့အတွက် တည်ရှိနေတဲ့ icon လေးတွေကတော့ စုံလင်မှုအားနည်းနေသေးပါတယ်။

http://www.softpedia.com Freeware ကိုရှာနေသလား၊ Shareware ကိုပဲစမ်းသုံကြည့်ချင်ပါသလား။ ကမ္ဘာအနှံ့မှာရှိနေတဲ့ commercial နဲ့ noncommercial စတဲ့ရှိရှိသမျှ software မျိုးစုံကို server မှာသိမ်းဆည်းပေးထားပြီး “မရ” ဆိုတာမရှိရလေအောင် ၀န်ဆောင်မှုပေးနေတဲ့ “ဆော့ဖ်ဝဲစွယ်စုံကျမ်းကြီး” တစ်ခုဟာ softpedia ဖြစ်ပါတယ်။ အသစ်ရောက်ရှိလာတဲ့ ဆော့ဖ်ဝဲတွေကိုလည်း subscribe လုပ်ပြီး ကိုယ့်အီးမေးလ်ထဲကို အချိန်မှန် သတင်းတစ်ခုအနေနဲ့ ရောက်ရှိနေစေဖို့ ညွှန်ကြားထားနိုင်ပါတယ်။

http://en.wikipedia.org ကျောင်းသား လူငယ်တွေကစလို့ ပါမောက္ခချုပ်တွေအဆုံး၊ မဂ္ဂဇင်း အယ်ဒီတာတွေကစလို့ ရုပ်သံလွှင့်လုပ်ငန်းရှင်တွေအထိ အထူးအားကိုးကြတဲ့ “ဂျင်မီးဝေးလ်စ်” ရဲ့ “၀ီကီပီးဒီးယား” ကတော့ အထင်ကရမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါ။ ပြည့်စုံကုံလုံတဲ့ အချက်အလက်တွေ၊ လုံလောက်တဲ့ အကိုးအကားတွေနဲ့ ဒီဘက်ဆယ်စုနှစ်တွေအတွင်းမှာ ထင်ရှားလာတဲ့ online စွယ်စုံကျမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘာသာစကားအတော်များများနဲ့ ဖတ်ရှုလို့ရတဲ့အပြင် ကိုယ်ကိုယ်တိုင် ဆောင်းပါးတွေကို ပါဝင်ရေးသားခွင့်နဲ့ တည်းဖြတ်ခွင့်ပေးထားတဲ့အပြင် နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးဖြည့်စွက်ရေးသားနိုင်တဲ့ လူကိုဆုချီးမြှင့်လေ့ရှိတာဟာ ၀ီကီရဲ့ အစဉ်အလာတစ်ခုပါပဲ။

http://www.gadgetspedia.com ဖုန်း၊ နာရီ၊ ဟန်းဆက်စတဲ့ accessories များနဲ့ နည်းပညာအသုံးပြုထားတဲ့ တခြားထွေထွေရာရာ gadget လေးတွေကို စုပေါင်း ပြီးဖော်ပြထားပါတယ်။ ဥပမာအားဖြင့် ကမ္ဘာအကြီးဆုံး plasma တီဗွီအသံကို ပြောင်းလဲပေးနိုင်တဲ့ တယ်လီဖုန်း electronic paper။ အိမ်မွေးတိရစ္ဆာန်ငယ်ကလေးများအတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေနဲ့ လူငယ်လူရွယ်တွေအတွက်သာမကပဲ လူကြီးပိုင်းအရွယ်တွေအထိပါ အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းငယ်လေးများတို့ရဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်ပါတယ်။

http://www.artcyclopedia.com အနုပညာစွယ်စုံကျမ်းကြီးတစ်ခု ဖြစ်ပါတယ်။ အနုပညာရှင်ပေါင်း 8700 ကျော်ကို စုစည်းထားပါတယ်။ ဥပမာအားဖြင့် ဗင့်ဆင့်ဗန်ဂိုးဆိုပြီး search box မှာရှာဖွေလိုက်တာနဲ့ ဗန်ဂိုးရဲ့ အတ္ထုပ္ပတ္တိ၊ ဗန်ဂိုးရဲ့ပန်းချီကားများကို အစုံအလင်ရရှိခံစားနိုင်ပါတယ်။ အနုပညာသတင်းတွေနဲ့ အတူ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ Museum တွေကိုပါ link ပေါင်း မြောက်မြားစွာနဲ့ ချိတ်ဆက်ဖော်ပြထားပါတယ်။

http://www.bigpedia.com တချို့သောနည်းပညာ အနုပညာတွေဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။ အခု bigpedia ဟာ အဲဒီတိမ်မြုပ်လုနည်းပညာတွေကို ပြန်လည်ရှာဖွေဖော်ထုတ်နိုင်ဖို့ ပေးအပ်ထားတဲ့ search engine တစ်ခုဖြစ်ပါတယ်။ ဒီအထဲမှာ ရှာဖွေဖို့အတွက် အရင်ဆုံးကိုယ်ကိုယ်တိုင် စာလုံးပေါင်းအမှန်ကို သိနေဖို့လိုပါမယ်။ ဥပမာ 'picasso' ဆိုပါတော့ အဲဒီနာမည်အမှန်ရရှိဖို့ကို trick တစ်ခုအနေနဲ့ google မှာ အရင်ဆုံး နာမည်ရှာဖွေကြည့်ပါ။ ပြီးရင် အခု bigpedia ကို သုံးစွဲပြီး ရှာဖွေလိုက်တဲ့အခါမှာ google မှာရှာဖွေရ ခက်ခဲတဲ့ စာမျက်နှာတွေပါ ရရှိပါလိမ့်မယ်။

http://www.herospedia.com ခင်ဗျားရဲ့ ရင်ထဲက သူရဲကောင်းဟာ ဘယ်သူများပါလိမ့်။ အခု site ထဲမှာ ကိုရီးယား၊ အမေရိကန်၊ တရုတ်စတဲ့ နာမည်ကြီး TV ဇာတ်လမ်းတွတြွေအထဲက ဇာတ်ကောင်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူလှုပ်ရှားမှု အနုပညာသတင်းတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေကိုပါ ဖတ်ရှုနိုင်ပါမယ်။ ယခုနာမည်ကြီးနေတဲ့ hayden, kristen တို့ရဲ့ အသံဖိုင်တွေ၊ clip တွေကိုပါ နမူနာရရှိနိုင်ပါသေးတယ်။

http://www.thetechpedia.com SEO နည်းပညာသတင်းနဲ့ သင်ခန်းစာတွေအတွက် အားကိုးရတဲ့နောက်ထပ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ တစ်ဆင့်ချင်းရှင်းလင်းပြသထားတဲ့ သင်ခန်းစာတွေ၊ presentation အတွက် powerpoint နဲ့လုပ်ကိုင်နည်းတွေ၊ graphic wallpaper တွေ၊ software နဲ့ လုံခြုံရေးသတင်းတွေ၊ window vista အတွက် shortcut key တွေ အလွန်စုံလင်တဲ့နည်းပညာ လျှို့ဝှက်ချက်တွေကို တင်ပြထားတဲ့ blog အနွယ်ဝင် web စာမျက်နှာတစ်ခုဖြစ်ပါတယ်။

http://www.literaturepedia.com စာပေစွယ်စုံကျမ်းမှာ “Arts, Business, Computers and Internet” စသဖြင့် ခေါင်းစဉ်ငယ်လေးတွေ ခွဲခြားပေးထားပါတယ်။ ဆောင်းပါး၊ သတင်း၊ ခေါင်းကြီးပိုင်းတွေနဲ့ ဆိုင်ရာဆိုင်ရာ ကဏ္ဍတွေမှာ အလွန်ကောင်းတဲ့ အခန်းကဏ္ဍတွေပါဝင်နေတဲ့ website တွေဆီကို link ညွှန်ထားပါတယ်။

http://www.mobilepedia.com GSM, CDMA ဆယ်လူလာ အစရှိသမျှ၊ Mobile ဖုန်းမှန်သမျှရဲ့ သတင်းတွေနဲ့ flaw တွေကိုဖော်ပြပေးထားတဲ့ မိုးဘိုင်းလ်စွယ်စုံကျမ်းတစ်ခုဖြစ်ပါတယ်။
http://www.skypedia.org လေ့လာစရာ မကုန်နိုင်အောင် ပေါများပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ကောင်းကင်ကြီးကို နက္ခတ္တဗေဒပညာနဲ့ သိပ္ပံနည်းကျကျ လေ့လာလိုသူတွေအတွက် အသုံးဝင်ပါတယ်။

http://www.game-o-pedia.com game သမားတွေအတွက် တင်ရှိပေးထားတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ Mario ရဲ့ဖန်တီးရှင် Miyamoto ရဲ့သတင်းတွေနဲ့ wii, nitendo စတဲ့ game box တွေရဲ့ သတင်း၊ အကောင်းဆုံး game များနဲ့ ဂိမ်းချစ်သူအဖွဲ့ဝင်တွေနဲ့ ဝေေ၀ဆာဆာ ရှိလှပါတယ်။

http://www.toonopedia.com ထွက်ရှိနေဆဲ၊ ထွက်ခဲ့ပြီးသမျှ၊ ထွက်လာလတ္တံ့သော ကာတွန်း၊ ကောမစ်ရုပ်ပြပေါင်း မြောက်မြားစွာတို့ကို ရုပ်ပုံ၊ စာသားရဲ့ Link တွေကို ပေါင်းစပ်ပြီး ချိတ်ဆက်ပေးထားတဲ့ “ကာတွန်စွယ်စုံကျမ်း” စာမျက်နှာတစ်ခုဖြစ်ပါတယ်။ Superman, supergirl တွေသာမကဘဲ ရှားပါကာတွန်းလက်ရာတွေဖြစ်တဲ့ Titans (1964 ထုတ်) တွေကိုပါ ရှာဖွေတွေ့ရှိပြီး အလွယ်တကူနဲ့ နမူနာများ ရယူရင်း အလွယ်တကူဝယ်ယူနိုင်အောင် စီစဉ်ထားပါတယ်။

http://www.iyiz.com ဓာတ်ပုံ တည်းဖြတ်ပြုပြင်တဲ့ software မျိုးစုံတွေအတွက် အဆင့်မြင့်အသုံးချနိုင်တဲ့ သင်ခန်းစာမျိုးစုံပြီး စုစည်းပေးထားပါတယ်။ Tool and tips တွေဟာ စုံလင်များပြားလွန်းတဲ့အတွက် ယခုလတ်တလောမှာ အားကိုးအခံရဆုံးနဲ့ User စိတ်ဝင်စားမှုမရှိဆုံး photoshop tutorial website တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာနေခဲ့ပါပြီ။ ဒါ့အပြင်တခြား software တွေဖြစ်တဲ့ dreamwaver, flash စတဲ့ program တွေရဲ့ သင်ခန်းစာဖိုင်တွေကိုပါ ရရှိနိုင်ပါသေးတယ်။

http://www.noupe.com Design အနုပညာလောကအတွက် တန်ဖိုးအရှိဆုံး ဆော့ဖ်ဝဲနှစ်ခုဖြစ်တဲ့ Photoshop နဲ့ illustrator တို့ရဲ့ လျှို့ဝှက်ချက်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို အဓိကဇောင်းပေးပြီး ဖော်ပြထားပါတယ်။ Blog ဆန်ဆန်တင်ပြထားတဲ့အတွက် ငြီးငွေ့စရာမရှိဘဲ လေ့လာချင်တဲ့ catyegory တစ်ခုချင်းအလိုက် စိတ်တိုင်းကျ လေ့လာလို့ရနိုင်ပါတယ်။ ဆောင်းပါးကောင်းတွေထဲမှာ ဥပမာအားဖြင့် '53 killer illustrator tips' တို့လိုနမူနာကောင်းကောင်းတွေ ပါဝင်ပါတယ်။

http://pstutorialblog.com ခေတ်မီတဲ့ blog တစ်ခုဖြစ်ပါတယ်။ Photoshop သင်ခန်းစာတွေကို internet ထဲကနေ search engine ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေတင်ဆက်ပေးထားတဲ့အတွက် အဖိုးတန်ရင်းမြစ်တွေကို တစ်ထိုင်တည်းနဲ့ ရယူခံစားနိုင်တဲ့အပြင် design လော

No comments:

Post a Comment

မင်္ဂလာ ပေါင်းနဲ့ ပြည့် စုံပါစေ