Friday 16 March 2012
အသုံးမဝင်သော ...
ဖွင့်ဟခွင့်မရှိတဲ့ - -
ဆန္ဒတွေအတွက်
နှလုံးသား တစ်စုံအတွက်
စကားလုံးတွေက အသုံးမဝင်ခဲ့ ။
အဖော်မဲ့တဲ့ - -
ညတွေအတွက်
ခံစားချက်တွေအတွက်
အသိစိတ်တွေက အသုံးမဝင်ခဲ့ ။
ရှင်သန်ခွင့်မရတဲ့ - -
သတိရခြင်းတွေအတွက်
ချစ်ခြင်းတွေအတွက်
မျှော်လင့်ခြင်းတွေက အသုံးမဝင်ခဲ့ ။
လွတ်မြောက်ခွင့်
လေလွင့်တဲ့စိတ်
ဘောင်ခတ်မရတဲ့ အတွေး
အဆုံးမရှိတဲ့ ခရီးကိုနှင်
ရင်ခွင်က ပွစာတက်
စိတ်က ကယောက်ကယက်။
ထိန်းချုပ်ဖို့ ကြိုးစားတဲ့အသိ
မျောပါခွင့် ကို ကန့်သက်တဲ့ဝိညာဉ်
မြုပ်ချီပေါ်ချီ တလှည့်စီမို့
မျှတတဲ့ ရပ်တည်မှုကအစွမ်းမဲ့။
ရှေ့တိုးတော့ ဆူး
နောက်ဆုတ်တော့ ရူးမို့
ချောင်ပိတ်မိနေတဲ့ ဒီဘဝ
လွတ်မြောက်ခွင့် တခဏ
ပေးသနားတော်မူပါ အို…..သခင်။
ကိုယ့်ရဲ့ချစ်ခြင်း...
ကိုယ့်ရဲ့ချစ်ခြင်း...
သိုဝှက်ခြင်းတွေ ရှိချင်ရှိမယ်
စကားလုံးတွေနဲ့တော့ အပေါ်ယံရှုပ်ပြေး ရေပေါ်အရုပ်မရေးလိုပါ ။
ကိုယ့်ရဲ့ချစ်ခြင်း...
မျှော်လင့်ခြင်းတွေ ရောယှက်ချင်ရောယှက်နေမယ်
ချည်ထုံးတွေပတ်ရစ် ရုန်းခက်အောင်တော့ဖြင့် မနှောင်ဖွဲ့လိုပါ ။
ကိုယ့်ရဲ့ချစ်ခြင်း...
အထီးကျန်ခြင်းတွေ ပြည့်နှက်ရင် ပြည့်နှက်နေမယ်
သူချစ်၊ကိုယ်ချစ် ကံစေရာဘဝကိုဖြင့် အပြစ်ရယ်တော့မတင်လိုပါ ။
ကိုယ့်ရဲ့ချစ်ခြင်း...
စွန့်လွတ်ရခြင်းတချို့ ရှိကောင်းရှိမယ်
ပေးဆပ်သူ၊ရယူသူ ဘက်တူမတူလည်း မတွက်ချက်လိုပါ ။
ကိုယ့်ရဲ့ ချစ်ခြင်း...
နာကျင်ခြင်းနောက်ဆုံး ရှိခဲ့ရင်တောင်
“ချစ်ခြင်းရဲ့အရှုံး” “အမုန်း” တို့ဖြင့် အစားမထိုးလိုပါ ။
သူငယ်ချင်းအတွက် မှာတမ်း
ကြည့်သောသူ မြင်တယ်ဆိုပေမဲ့
ကြည့်လို့ မမြင်နိုင်လောက်အောင်ကို
နှင်းတွေ ဖုံးလွှမ်းနေတဲ့အခါလည်း
ဘ၀မှာ ရှိမယ်။
မင်းကအနောက် ငါကအရှေ့
ကြားတယ်မှာ
ချစ်ခြင်းမေတ္တာတရားကလွဲပြီး
ဘာစည်းရိုးမှ မရှိဘူးနော်။
ချိုင့်ခွက်ထဲ ရေ၀င်နေလို့
အတိမ်အနက်ကို မသိရတဲ့ အဖြစ်တွေရှိရင်
နောက်တာပါ အတည်လည်း ဒါပါပဲဆိုတဲ့
အ၀န်းအ၀ိုင်းတခုမှာ
မင်းရွေ့လိုက်တဲ့အကွက် မှန်ပါစေ သူငယ်ချင်း။
မင်းတပ်လိုက်တဲ့
မျက်မှန်တလက်ဟာ
အမှန်တရားဆိုတာ ငါယုံကြည်ပါတယ်။
ဒါပေမဲ့
သူငယ်ချင်းရေ
လက်ခုပ်တီးပြီး
အရမ်းကာရော လက်ရပ်မခေါ်နဲ့နော်
မျဉ်းကြားဆိုပေမဲ့
အန္တရာယ်ရှိတယ်။
မင်းဖန်တီးလိုက်တဲ့ အနုပညာဟာ
မင်းအတွက် အဆိပ်တခွက်ဆိုရင်
မင်းဟာ ဆိုကရေးတီးနဲ့
မိတ်ဆွေဖွဲ့ဖို့ လိုမယ်ပေါ့။
မင်းဘ၀တခုလုံး လေးနက်နေချိန်မှာ
လူတွေက မင်းကို ရယ်ကောင်းရယ်လိမ့်မယ်။
လူသားတွေ နေတဲ့ကမ္ဘာမှာ
လူသားအချင်းချင်းအပေါ် ချစ်တတ်ပါစေသူငယ်ချင်း
မင်းဟာ ခုတ်လွယ်ရှလွယ်ရှိတဲ့ သူမဟုတ်ဘူးဆိုတာ
ငါသိပါတယ်။
မင်းယုံကြည်ရာတွေကို ထုဆစ်ဖို့နဲ့
မင်းမယုံကြည်ရာတွေကို ဖဲ့ထုတ်ပစ်ဖို့
လိုရမယ်ရ ပုတီးလေးတကုံးလည်း ဆောင်ထားပေါ့။
ဘ၀ဆိုတာ............။     
ငိုနေလို.အပိုဘဲ...
သူငယ်ချင်း-
လောကကြီးထဲ ခြေချတော့
အူဝဲဆိုတာနဲ့ ချခဲ့တယ်..။
ငိုခြင်းနဲ့ စခဲ့တဲ့ဘဝ
အဆုံးသတ်ပါတော့..
တစ်ခါရှုံးတိုင်း တစ်ခါငိုလည်း
ဘ၀ဟာ စိုပြည်လာမှာမှ မဟုတ်ဘဲ။
ယနေ့ ရယ်နေသူတွေဟာ
မနေ့က ငိုခဲ့တဲ့သူတွေပါ..။
ဒီအချိန်ကျော်နေသူတွေဟာ
ဟိုတစ်ချိန်က ချော်ခဲ့တဲ့သူတွေဆိုတာ
မင်း နားလည်စမ်းပါ…
ရှုံးရာမှ ကုံးထ
လောကကြီးကို ပြုံးပြလိုက်စမ်းပါ
အားလုံးအိုကေနေတာ တွေ့ရမယ်..
အားတင်းပြီး ခေါင်းမော့
ရင်တစ်ချက်ကော့ပြလိုက်တာနဲ့
လောကကြီးတုန်လှုပ်သွားလိမ့်မယ်
လူသားမှာ စွမ်းအားရှိနေတာ
သူသိနေတာလေ………
နဖူးက ချွေးတစ်စက်
မြေကြီးထက် ဆင်းသက်တာနဲ့
ရွှေအသီးတွေ ထွက်လာလိမ့်မယ်….
မျက်ရည်တွေ တောက်တောက်ကျ
အသနားခံပြတာကိုတော့
လောကကြီးက တာ့တာ…တဲ့
မွေးဖွားလာတဲ့လူသားတိုင်း
အငိုအားနဲ့ စ,ခဲ့လို့
လောကကြီးက ရိုးသွားပြီ…
ဒါ့ကြောင့် -
ရုန်းထ ပြုံးပြ
လူသားရဲ့ စွမ်းအားကိုပြ
လောကကြီးက မင်းကို သြချလိမ့်မယ်
ငိုနေလို့တော့ အပိုပဲ သူငယ်ချင်း…
-------- “ယုံကြည်စေဖို့”---------
ပြောတော့တစ်မျိုး လုပ်တစ်မျိုး
နှစ်မျိုးမလုပ်နဲ့………….။
ရှေ့ကြတစ်မျိုး ကွယ်တစ်မျိုး
ဒါမျိုးမလုပ်နဲ့……………။
တော်နေတစ်မျိုး ခုတစ်မျိုး
အမျိုးမျိုး မလုပ်နဲ့……..။
လူကြီးလုပ်ရာ ဤသုံးဖြာ
ရှောင်ပါမမေ့နဲ့………..။
ကတိ
ဒီနေ့ကစ
တစ်ဘ၀လုံး
တစ်သက်လုံးမှာ
မမုန်းကြကြေး
အနေဝေးလည်း
 မမေ့ကြေးနော်
Tuesday 7 February 2012
Driver Genius Professional 11.0.0.1112
Driver Genius Professional 11.0.0.1112
Driver တွေ ရှာဖွေရာမှာ အတော်လေး အဆင်ပြေစေပါတရ်
သူငယ်ချင်း တယောက်ဆီက ယူထားလိုက်တာ
အဆင်ပြေပါစေ၊၊
http://www.mediafire.com
Hosting site Download link Upload status
DepositFiles
RapidShare
ZShare
MediaFire
MegaShare
TwoShared
HotFile
FreakShare
iFileIt
Wupload
Friday 3 February 2012
Virus ကူးစက်မှုရန်ကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ Auto Run Eater
ဒီဆော့ဝဲလေးကတော့ Recycler Virus ထိတော့မှအသုံးပြုဖြစ်တဲ့ ဆော့ဝဲလေးတစ်ခု
ဖြစ်ပါတယ် အသုံးဝင်ပုံကတော့ Auto run Virus ကိုတားပေးနိုင်ပြီး ကြိုတင်ကာကွယ်
ချိန် ပြင်ဆင်ချိန် ရနိုင်ပါတယ် Recycler Virus ထိပြီဆိုရင်  Memory Stick ထဲက ဖိုင်
တွေအားလုံး Shortcut ပုံလေးတွေ ပြောင်းသွားပြီး ဖွင့်မရတတ်ပါ။  နောက်မှ သီးသန့် 
ရေးပါအံ့ ။ အကယ်၍ ဒီဆော့ ၀ဲသာ စောစောထဲ့ထားရင် Auto run  ဖိုင်က ချက်ချင်း
အလုပ်မလုပ်တဲ့အတွက် ကူးစက်မှုကို Anti virus ကရှင်းပေးမှာဖြစ်တယ် ဒီတော့ ကြို
တင်ကာကွယ်မှုအနေနဲ့  Auto run eater ကို  မိမိတို့ ၏  ကွန်ပျုတာထဲမှာ ထည့်ထား
ရင် Memory Stick နဲ့  Portable Drive တွေကနေ Virus ကူးစက်မှုကို  အတိုင်းတာ
တစ်ခုအထိ တားဆီးပေးနိုင်မှာ ဖြစ်တယ်။ကျနော်၏ ထင်မြင်ယူဆချက်မှာ ကွန်ပျုတာ
တစ်ခုတွင်  Anti Virus ဆော့ဝဲတစ်ခုနှင့်Auto Run Eater ရယ် USB Disk Security
ရယ် ထည့်ထားရင် သာမန်အနေနဲ့  လုံခြုံပါပြီ ။ (လေ့လာမှု သက်တမ်းအရ ကောက်ချ
ချမှုတစ်ခုမျှသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်) ။
Here are some key features of "Autorun Eater":
· Scan and remove suspicious "autorun.inf" files found in the root directory of all drives, C-Z, in real-time
· Scan priority(normal/high)
· Scan results are logged
· Add and remove from startup entry
· 3 optional registry fixes (Task Manager, Regedit & Folder options).
· Users are informed whenever a suspicious "autorun.inf" file is detected.
· Backup copies of suspicious "autorun.inf" file(s) are created before the original copy is removed for easy recovery.
· Status tooltip to get tool info easily without right-clicking on tray icon.
ဒီမှာ Download ယူပါ  - Auto Run Eater
မူရင်းမှာ လေ့လာကြည့်ပါ - http://www.softpedia.com/get/Security/Secure
IDM လိုပဲအသုံးဝင်ပြီး Key မလိုတဲ့ Get Go Download Manager(Free)
ဒီဆော့ဝဲက မြန်မာပြည်ကလူတွေ အတွက် အဆင်ပြေမယ်ထင်တယ် ရောက်တဲ့
နေရာကနေ ပြန်စလို့ ရတယ်ဆိုတော့ IDM ( Internet Download Manager)လိုပဲ
အသုံးဝင်မှာပါ ကွန်နက်၇ှင်မကောင်းလို့  စက်ပိတ်လိုက်လည်း ရောက်တဲ့နေရာ
ကနေ ပြန်ဒေါင်းဖို့  Resume လုပ်လို့ ရတယ် မြန်တာကတော့ လိုင်းမကောင်းရင်
ဘာနဲ့ ဒေါင်းဒေါင်း  မမြန်ပါဘူး နောက်ပြီး   မြန်မာပြည်မှာက Mediafire ကိုဘန်း
ထားတဲ့အတွက် နေရာတိုင်းမှာ ဒေါင်းလို့ အဆင်မပြေတာတွေ  ရှိနေပါတယ် အဲ့မှာ
ဒေါင်းလုပ်မယူပဲ လင့်ကို ကော်ပီယူပြီး  Download Manager ထဲထည့်ရင် အဆင်
ပြေမှာပါ ရှာရင်း ဖွေရင်း ရလာလို့ မျှဝေလိုက်ပါတယ်......။
နောက်ထပ်Getgo Video Converter နဲ့ GetGo YoutubeDownload ဆိုတာတွေ
လည်းရပါသေးတယ် Youtube ကဟာတွေယူဖို့ က Real Player ရှိရင်အဆင်ပြေပြီ
Converterကလည်းFormat Factory က All in one အစုံအဆင်ပြေတယ်ဒီတော့
အသေးစိတ် မရေးပြတော့ပြီ.....
ဒီမှာ Download .ယူပါ   Get Go Download Manager Free Version
အသေးစိတ် အသုံးဝင်ပုံတွေကိုဖတ်ရန်  www.getgosoft.com
Computer ထဲကဖိုင်တွေပုံတွေကိုသူများမကြည့်စေချင်ရင်
Computer ထဲမှာ၇ှိတဲ့ဖိုင်တွေကိုသူများမမြင်အောင်လော့ချဖို့ 
အခုပေးတဲ့ဆော့ဝဲလေးသုံးလိုက်ပါအလကားရတာနော်ဘာ
Register မှမလိုသလို serie Key တွေဘာညာတွေမလိုတဲ့Free
Version လေးပါ Google ကရှာထားတာပါမူရင်လင့်လေးပါထည့်
ပေးထားပါတယ်အသုံပြုဖို့ အဆင်ပြေပါတယ်ရုံးမှာလုပ်တဲ့သူတွေ
အတွက်အရမ်းကောင်းပါတယ်ကျနော်ဆိုအဲ့လိုခပ်ထားလိုက်တာ
ကျနော်ကလွဲပြီးဘယ်သူမှဖွင့်ကြည့်လို့ မ၇ပါဘူး ပြီးတော့ဖျက်လို့ 
ကျနော်ပုံမှာပြထားတဲ့အတိုင်း Setting ထဲဝင်ပြီး Hide ဆိုတာလေး
မှာအနီပြအောင်ဆွဲလိုက်ပါအဲဆိုရင်တော့ဖိုင်ကမပျောက်ပဲနဲ့ 
သူများလာဖွင့်ရင်လည်းမပွင်ဘူးCopy ယူလို့ လည်းမရဘူး ဖျက်
ရင်လည်းမပျက်ပါဘူးဘာမှကိုလုပ်မ၇တာပါ....
Setting မှာဝင်ပြီးလိုအပ်သလိုပြောင်းထားလိုက်ပါ
ကျနော်ပုံလေးတွေနဲ့  ပြပေးထားပါတယ်လော့ချတဲ့
နည်းတွေအများကြီးထဲကနည်းတစ်နည်းပါပဲ
 အင်စတောလုပ်လိုက်တာနဲ့ အပေါ်ကလိုပေါ်လာမှာပါ
ပုံကြည့်ပြီးလုပ်တာနဲ့ အဆင်ပြေမှာပါ.............
ဆော့ဝဲကိုတော့ဒီမှာယူလိုက်နော်..Folder Locker
မူရင်းလင့်မှာလည်းယူလို့ ရပါတယ်...Folder Locker
ကွန်ပျူတာထဲ ရှိဖိုင်များ Drive များကို သူများဖွင့်မရအောင်လုပ်တဲ့ဆော့ဝဲ
ဆော့ဝဲတွေကတော့ အများကြီးရှိပါတယ်   ဒီဆော့ဝဲလေးကလည်း  ဖိုင်တွေ နဲ့ 
စက်ထဲမှာရှိသော  အရေးကြီး  ပုံများ   စာများကို  သူများကြည့်မရအောင်လုပ်
တဲ့နေ့ ရာမှာ သုံးပါတယ် ကြည့်မရ ကော်ပီယူမရ ဖျက်မရ အတော်လေးအသုံး
ဝင်ပါတယ် စိတ်ဝင်စားတဲ့သူ စမ်းသပ်လိုတဲ့သူများ သုံးကြည့်ပါ................။
ဒီမှာ Download ယူပါ  Folder Lock V9.5 full vrsion
ဒီမှာလည်းလေ့လာကြည့်ပါ http://www.swisssoft.org
မင်္ဂလာ ပေါင်းနဲ့ ပြည့် စုံပါစေ