Monday 1 August 2011

PDF စာအုပ်ဖိုင်တွေဖတ်တဲ့ software လေးတစ်ခု



ကွန်ပျူတာကနေ စာဖတ်ကြတဲ့ သူငယ်ချင်းများအတွက် software ကောင်းကောင်းလေးတစ်ခု မျှချင်လို့ ပါခင်ဗျာ.. သိပြီးသားသူရှိသလို မသိသေးသူများအတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါသည်.. PDF ဖိုင်ဆိုတာ ကွန်ပျူတာမှာ အသုံးများတဲ့ စာအုပ်ဖိုင်အမျိုးစားတစ်မျိုးဖြစ်ပါတယ်.. အဲဒီ PDF ဖိုင်တွေကို ဖတ်ဖို့  software လေး တစ်ခုပါ.. အစတုန်းကတော့ ကျွန်တော်လည်း PDF ဖိုင်တွေကိုဖတ်လို့ ရှိရင် microsoft word မှာ ဖတ်သလို အထဲမှာ စာသားတွေကို အရောင်ခြယ်တာတွေ ဘာတွေလုပ်မရဘူးထင်တာပါ.. ဒီsoftware နဲ့ ကျတော့ အဲဒါတွေလုပ်လို့ ရပါတယ်.... သူကဘာတွေလုပ်လို့ ရတယ်ဆိုရင် ကိုယ်ဖတ်နေတဲ့ စာသားထဲက အရေးကြီးတဲ့ note တွေကို underline တားခြင်း၊ ထင်ရှားပေါ်လွင်အောင် အရောင်ခြယ်ခြင်း စသည်တို့ ကို မျိုးစုံလုပ်လိုရပါတယ်..
အရမ်းကိုကောင်းလို့ တင်ပေးလိုက်တာပါ ခင်ဗျာ ဒီမှာဒေါင်းလွတ်ယူပါခင်ဗျ
image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/
image hosting by http://themeworxmedia.com/pix/
image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/ image hosting by http://themeworxmedia.com/pix/
image hosting by http://themeworxmedia.com/pix/
image hosting by http://themeworxmedia.com/pix/
image hosting by http://themeworxmedia.com/pix/

ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ




ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ
အွန်လိုင်းပေါ်မှာ ကိုယ်မသိတဲ့ ဘာသာစကားတွေနဲ့ ပြောဆိုတာ
တွေ့ရပါတယ် ကိုယ်မတတ်ရင် ဆဲဆိုသွားရင်လည်း ဘာမှ သိမှာ
မဟုတ်ပါဘူး ။ ဒါကြောင့် ဘယ်သာသာစကားမဆို တီးမိခေါက်မိအောင်
လေ့လာထားသင့်ပါတယ် ။ ဘာသာစကားတစ်ခုခုနဲ့ ပြောဆိုလာတဲ့အခါ
မိမိနားလည်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ပြန်ဆိုပြီး ပြန်ပြောနိုင်မယ်လို့
မျှော်လင့်မိပါတယ် ။ အခုတင်ပေးလိုက်တဲ့ ဘာသာပြန် အကောင့်တွေကို
သေချာလေ့လာကြည့်တဲ့အခါမှာ ဘာသာစကားတစ်ခုရဲ့ အမည်ထဲက
အရှေ့က အင်္ဂလိပ်စာနှစ်လုံးကို ဖြည့်ထားတာတွေ့ရလို့ တချို့မပါသေးတဲ့
ဘာသာစကားတွေကို မေဆန်းသပ်ပြီး အပ်ကြည့်ပါတယ် အဆင်ပြေပါတယ်ရှင်
သဘောတရားက ဂျပန်ဘာသာအကောင့်တခု လုပ်ချင်တယ်ဆိုရင် japan ဆိုရင်
Ja ဆိုပြီး အရှေ့ကနေ အင်္ဂလိပ်စာနှစ်လုံး ရေးရပါမယ် အလယ်မှာ 2 ခံရပါမယ်
2 နောက်ကနေ ကိုယ်ပြန်ဆိုလိုတဲ့ အင်္ဂလိပ် ဘာသာစကား ပြန်ဆိုလိုလျှင် en
ဆိုပြီး အနောက်ကနေ ရေးလိုက်ပါ ပြီးရင် ပုံမှန် နောက်ကနေ @bot.talk.google.com
ထဲ့ပေးလိုက်ပါ ja2en@bot.talk.google.com ဒီလိုလေးဆိုရင် ဂျပန်ကနေ အင်္ဂလိပ်
en2ja @bot.talk.google.com ဒီလိုလေးဆိုရင် အင်္ဂလိပ်ကနေ ဂျပန်
ရှေ့ကထဲ့တဲ့ စာလုံးနဲ့ အနောက်ကထဲ့တဲ့ စာလုံးလေးကို ပြောင်းပြန်ပြင်ပေးလိုက်ယုံပါပဲ
ကိုယ်လိုတဲ့ ဘာသာစကားရဲ့ အမည်ကို ဖြည့်ပြီးရင် en2ja @bot.talk.google.com
ဒီလိုလေး ထဲ့ပေးပြီး အပ်လိုက်ပါရှင် ။ စမ်းသပ်ကြည့်လိုက်ပါ အခုတင်ပေးလိုက်တဲ့
ဘာသာပြန်တွေဟာ ၊ မေ စုထားတာလေးတွေရော စမ်းသပ်ကြည့်တဲ့ အကောင့်တွေရော
တင်ပေးလိုက်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေရှင်. . . . . . .
1+2
ar2en@bot.talk.google.com English- Arsbic ဘာသာပြန်ရန်
en2ar@bot.talk.google.com Arsbic-English ဘာသာပြန်ရန်
3+4
bg2en@bot.talk.google.com Bulgarian-English ဘာသာပြန်ရန်
en2bg@bot.talk.google.com  English–Bulgarianဘာသာပြန်ရန်
5+6
en2cs@bot.talk.google.com  English-Czechဘာသာပြန်ရန်
cs2en@bot.talk.google.com Czech-Englishဘာသာပြန်ရန်
7+8
da2en@bot.talk.google.com Danish-Englishဘာသာပြန်ရန်
en2da@bot.talk.google.com English-Danishဘာသာပြန်ရန်
9+10
de2en@bot.talk.google.com German-Englishဘာသာပြန်ရန်
en2de@bot.talk.google.com English-Germanဘာသာပြန်ရန်
11+12
de2fr@bot.talk.google.com German-frenchဘာသာပြန်ရန်
fr2de@bot.talk.google.com French-Germanဘာသာပြန်ရန်
12+13
el2en@bot.talk.google.com German-Englishဘာသာပြန်ရန်
en2el@bot.talk.google.com English-Germanဘာသာပြန်ရန်
14+15
es2en@bot.talk.google.com Spanish-Englishဘာသာပြန်ရန်
en2es@bot.talk.google.com English-Spanishဘာသာပြန်ရန်
16+17
Fi2en@bot.talk.google.com finnish-Englishဘာသာပြန်ရန်
en2fi@bot.talk.google.com English-finnishဘာသာပြန်ရန်
18+19
fr2en@bot.talk.google.com French-Englishဘာသာပြန်ရန်
en2fr@bot.talk.google.com English-Frenchဘာသာပြန်ရန်
20+21
hi2en@bot.talk.google.com Hindi-Englishဘာသာပြန်ရန်
en2hi@bot.talk.google.com English- Hindiဘာသာပြန်ရန်
22+23
hr2en@bot.talk.google.com Croatian-Englishဘာသာပြန်ရန်
en2hr@bot.talk.google.com English-Croatianဘာသာပြန်ရန်
24+25
it2en@bot.talk.google.com Italian-Englishဘာသာပြန်ရန်
en2it@bot.talk.google.com English-Italianဘာသာပြန်ရန်
26+27
ja2en@bot.talk.google.com Japanese-Englishဘာသာပြန်ရန်
en2ja@bot.talk.google.com English-Japaneseဘာသာပြန်ရန်
28+29
Ko2en@bot.talk.google.com Korean-Englishဘာသာပြန်ရန်
en2ko@bot.talk.google.com English-Koreanဘာသာပြန်ရန်
30+31
nl2en@bot.talk.google.com Dutch-Englishဘာသာပြန်ရန်
en2nl@bot.talk.google.com English-Dutchဘာသာပြန်ရန်
32+33
No2en@bot.talk.google.com Norwegian-Englishဘာသာပြန်ရန်
en2No@bot.talk.google.com English-Norwegian ဘာသာပြန်ရန်
34+35
pl2en@bot.talk.google.com polish-Englishဘာသာပြန်ရန်
en2pl@bot.talk.google.com English-polishဘာသာပြန်ရန်
36+37
Pt2en@bot.talk.google.com portuguese-Englishဘာသာပြန်ရန်
En2pt@bot.talk.google.com English-portugueseဘာသာပြန်ရန်
38+39
ro2en@bot.talk.google.com Romanian-Englishဘာသာပြန်ရန်
en2ro@bot.talk.google.com English-Romanianဘာသာပြန်ရန်
40+41
ru2en@bot.talk.google.com Russian-Englishဘာသာပြန်ရန်
en2ru@bot.talk.google.com English-Russianဘာသာပြန်ရန်
42+43
Sv2en@bot.talk.google.com Swedish-Englishဘာသာပြန်ရန်
en2sv@bot.talk.google.com English-Swedishဘာသာပြန်ရန်
44+45
zh2en@bot.talk.google.com chinese-Englishဘာသာပြန်ရန်
en2zh@bot.talk.google.com English-chineseဘာသာပြန်ရန်
46+47
Zh-hant2en@bot.talk.google.com Englishဘာသာပြန်ရန်
en2zh-hant@bot.talk.google.com Englishဘာသာပြန်ရန်
48+49
Zh-hant2zh@bot.talk.google.com traditionai Chinese-Chineseဘာသာပြန်ရန်
Zh2zh-hant@bot.talk.google.com Chinese- traditionai Chineseဘာသာပြန်ရန်
50+51
Th2en@bot.talk.google.com Thailand-Englishဘာသာပြန်ရန်
en2th@bot.talk.google.com English-Thailandဘာသာပြန်ရန်

အိမ်ထောင်မပြုခင် စဉ်းစားစေချင်....


မိဘ..............။
မိဘဖြစ်ဖို့ ဆိုတာ လွယ်ပါသလား...။ ပုံမှန်အားဖြစ်တော့ မိဘဖြစ်ဖို့  မိဘနေရာရောက်ဖို့ ဆိုတာ လွယ်ကူလွန်းလှပါတယ်..။ အိမ်ထောင်ပြုလိုက်ရင် ကလေးရမယ်...။ ကလေးရှိရင် မိဘဖြစ်ပြီး....။ ဘယ်လောက်များလွယ်ကူလိုက်ပါလိမ့်...။
အင်း....ဒါပေမဲ့.....။
စံပြမိဘကောင်းဖြစ်ဖို့ ဆိုတာကရော....
မိဘဖြစ်ဖို့ က လွယ်ပေမဲ့ မိဘကောင်းဖြစ်ဖို့  အတုယူစရာ မိသားစုရဲ့  စံပြမိဘတွေဖြစ်ဖို့ က အတော်လေးကို မလွယ်ကူတဲ့ အဖြစ်ပါ...။
မိဘဆိုတာ ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီးသားသမီးတွေ အလိုကျ လိုအပ်တာတွေ မရှိမဖြစ်ရအောင် ဖန်တီးပေးနိုင်တဲ့ မိဘကို တော်လိုက်ကြတဲ့ မိဘတွေ ပိုက်ဆံအရှာကောင်းတယ်ဆိုပြီး စံတင်ထားရတဲ့ မိဘနေရာမှာ စားရင်းသွင်းရမှာလား...........။
မရှိရှိတာလေးနဲ့  သားသမီးတွေရဲ့  လိုအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့မိဘ ၊ လိုအပ်ရင် ရှိတာတွေကိုပါ ပေါင်နှံရောင်းချပေးပြီး ဖြည့်ဆည်းပေးတဲ့ မိဘတွေက မိဘကောင်းလား...။
သားသမီးတွေကို မွေးထုတ်ပြီးထမင်းနှပ်မှန်ကျွေးတာကလွဲလို့   ဖြစ်ချင်ရာဖြစ် လှည့်မကြည့်တတ်ပဲ ၊ ဂရုမစိုက်ဖို့  အချိန်လေးတောင် မပေးနိုင်တဲ့ မိဘတွေကရော ဘယ်လိုမိဘတွေလဲ........။
တကယ်တော့ စံပြမိဘဖြစ်ဖို့ ဆိုတာက သားသမီးတွေကို အချိန်မပေးနိုင်လောက်အောင် ငွေကိုပဲ ကြုံးရုန်းရှာဖွေပြီး ငွေနဲ့  လိုက်လံဖြေရှင်းပေးနေသူတွေမဟုတ်ဘူး..။ သားသမီးအလိုကျ ချေးငှားပေါင်နှံကာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်သူမဟုတ်ဘူး... မွေးထားပေးပြီးရင်ပြီးရော ..ကျွေးထားနိုင်ရင်ပြီးရော ဂရုတစိုက်ပြုစုပျိုးထောင်ပေးဖို့  မေ့လျော့နေခဲ့သူတွေမဟုတ်ဘူး..။
ကိုယ့်ရင်ထဲက ဖြစ်လာတဲ့သားသမီးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက် ၊ နည်းမှန်လမ်းမှန်နဲ့  ထိန်းကျောင်းပဲ့ပြင် အကြင်နာတွေကို ပေးနေတဲ့ မိဘ..(ကြပ်တည်းနေတဲ့ ခေတ်ကာလမှာ ဘဝဝမ်းစာအတွက် တပြည်ခြားရှာဖွေစားသောက်နေရတဲ့ မိဘကို မဆိုလိုဘူးနော်...အဲ့ဒီထဲမှာမှ နောက်ကွယ်မှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သူတွေကတော့ တစ်မျိုးပေါ့...)
မိဘနေရာမှာ ရောက်ပြီးဆိုလျှင်တော့ မိဘတာဝန်ကျေတဲ့ မိဘတွေဖြစ်ဖို့ ကို အလေးထားတွေးစေချင်တယ်...။ မိဘနေရာမှာ မရောက်ခင် ကြိုတင်သေချာစဉ်းစားပြီး ကိုယ့်ဘက်က ပေးနိုင်တယ်ဆိုမှ ကိုယ့်သားသမီးတွေကို နွေးထွေးအေးမြတဲ့ မေတ္တာတွေနဲ့  ပြုစုစောင့်ရှောက်ပြီး ချစ်ခင်တွယ်တာ စရာကောင်းတဲ့ မိသားစုလေးအဖြစ်ဖန်တီးကြရင်အကောင်းဆုံးပဲ မဟုတ်ပါလား..။
တစ်ချို့ ဆို ကြိုတင်စီစဉ်ခြင်းကလဲ မရှိ..ဘာမှလဲ အဆင်သင့်မဖြစ်တော့ မွေးလာတဲ့ သားသမီးတွေကို တာဝန်မယူနိုင်..အဆိုးဆုံးကတော့ ကိုယ့်ရင်သွေးလေး လူ့ လောကထဲမရောက်ခင်မှာ ဘဝတစ်ပါးပြောင်းစေခဲ့တဲ့ မိဘတွေရဲ့  သဘောထားကတော့ အဆိုးဆုံးပဲလို့  ပြောရမှာပဲ..။
ဘဝတစ်ပါးပြောင်းတာက ထားလိုက်အုံး..။ ဟိုမရောက်ဒီမရောက်နဲ့  အနှိပ်စက်ခံသန္ဓေကြောင့် မသန်မစွမ်း မွေးခွင့်ရလာတဲ့ ကလေးရဲ့ အဖြစ်က လူဖြစ်ရှုံစရာ..။ ဘဝတစ်လျှောက်လုံး နလန်မထူနိုင်အောင် ကျရှုံးလိုက်ရမယ့် အဖြစ်..။ ကိုယ့်သားသမီးကလဲ ငါ့မိဘတွေ ငါ့ကို မလိုချင်လို့  ငါ ဒီလိုအဖြစ်မျိုးရောက်နေပါလားလို့  တွေးပြီး ဝမ်းနည်းနေရမယ်..။ ကလေးကလဲ ကိုယ့်မိဘတွေကို ငါ့ကို ဒီလိုမျိုးလုပ်ရက်တာပါလားလို့  တွေးမိပြီး မပြစ်မှားသင့် ပြစ်မှားမိမယ်...။ အပြစ်တွေ မရသင့်ပဲ ရလိမ့်မယ်..။
မိဘက ဘယ်လိုဖြစ်ဖြစ် မိဘကို ပြစ်မှားမိရင် ပြစ်မှားမိတဲ့ သားသမီးမှာ အပြစ်ကြီးပါတယ်...။ ဒီတော့ မိဘကလဲ သားသမီးကို အပြစ်တွေပေးဖို့  နည်းလမ်းတွေ ရှာပြီး မပေးရစေဖို့  ကြိုတင်ကာကွယ်ထားပေါ့...။
မိဘနဲ့  သားသမီးကြား မိဘကောင်းဖြစ်ဖို့  မိဘတွေမှာ တာဝန်ရှိသလို သားသမီးလိမ္မာဖြစ်ဖို့ ရာလဲ မိဘတွေမှာ အထူးတာဝန်ရှိပါတယ်..။ မိမိသားသမီးတွေအတွက် မိဘကောင်းဖြစ်ဖို့ ကို အိမ်ထောင်မပြုမှီ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုတယ်..။ ကြိုတင်ပြင်ဆင်ချိန်မရပဲ ဖြစ်လာခဲ့ရင်လဲ ရလာတဲ့ အချိန်ကစပြီး သားသမီးတွေအတွက်အကောင်းဆုံးလမ်းကို ခေါ်ဆောင်ပေးနိုင်တဲ့ မိဘဖြစ်အောင် ကြိုးစားကြစေချင်တယ်..။
သားသမီးတွေရဲ့ ဘဝဟာ မိဘတွေလက်ထဲက ဖယောင်းခဲလေးတွေပါ..။ သူတို့ ရဲ့  စိတ်ဒဏ်ရာတွေ ကင်းတဲ့ အနာဂတ်အတွက် လှပပြီး အပြစ်အနာဆာ ကင်းတဲ့ ထုဆစ်မှုတွေ ဖန်တီးပေးစေချင်ပါတယ်..။ ဒီလို ထုဆစ်နိုင်ဖို့ ဆိုတာ မိဘတွေမှာ ကြိုတင်ပြင်ဆင် လေ့လာ သင်ယူထားဖို့  လိုအပ်ပါတယ်... ။
မေ့ရင်ထဲက စေတနာတွေနဲ့  မေ ခုလို လမ်းညွှန်ပေးခဲ့တာပါနော်..။ အိမ်ထောင်ပြုတော့မယ်ဆိုရင် ငါ့အိမ်ထောင်ရေး အနာဂတ်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီးလဲ ဆိုတာ သေချာဆန်းစစ်ထားကြစေချင်တယ်..။ လှပတဲ့ မိသားစုဘဝလေးကို စိတ်ကူးယဉ်ပုံဖော်တာမျိုးမဟုတ်ပဲ လက်တွေ့ ကျကျ ဖန်တီးနိုင်ဖို့  ပွဲမရောက်ခင် ကြိုတင်ပြင်ဆင်နိုင်ကြပါစေလို့ .....

sararraunglayဆိုဒ်လေးမှ ....အသုံးဝင်သော website Link လေးများ။

This summary is not available. Please click here to view the post.
မင်္ဂလာ ပေါင်းနဲ့ ပြည့် စုံပါစေ