Monday 17 October 2011

ဂျီမေးလ်တိုက်ခိုက်ခြင်းရန်မှ သတိထား ရှောင်ရှားနိုင်ဖို့

ယခုအခါဝက်ဘ်မေးလ်တစ်ခုဖြစ်တဲ့ ဂျီမေးလ်မှာ Phishing Attack လို့ခေါ်တဲ့ ဂျီမေးလ်အတုအယောင် Login Page တစ်ခုကို ဖန်တီး ထားပြီး အသုံးပြုသူရဲ့ ဂျီမေးလ် Password တွေကို ရယူသွားတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။
ဒါကြောင့် လက်တွေ့မြင်သာတဲ့ ကွဲလွဲချက်တချို့ကို သတိထားနိုင်ဖို့ အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
၁။ ဂျီမေးလ် Login Page ရဲ့ Address Bar ကို သတိထားကြည့်ပါ။ Google.com လိပ်စာဖြစ်ရပါမယ်။
၂။ GMail Logo ရဲ့ အစစာလုံး G ရဲ့ အရောင်ဟာ မင်ပြာရောင်ဖြစ်ပါတယ်။ Trademark ပုံရဲ့အောက်က စာတန်းလည်း လွဲနေတတ် ပါတယ်။ ပုံမှာကြည့်ပါ။
၃။ အောက်ပုံမှာ ပြထားတဲ့အတိုင်း ဂျီမေးလ် Login Page ရဲ့ လက်ယာဘက်မှာ ရှိတဲ့ Text & Icon ပုံများ လွဲနေတတ်ပါတယ်။
၎။ ဂျီမေးလ် Login Page ရဲ့ အောက်နားမှာရှိတဲ့ စာတန်းမှာ Copyright သင်္ကေတရဲ့ နောက် 2011 လို့ စာနဲ့ရိုက်ထားပါတယ်။ အတုအယောင် အီးမေးလ်မှာ 2010, 2009 စသဖြင့် ဖော်ပြတတ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Google Mail Login Page ဟာ လွဲမှားနေရင် သင့်ရဲ့စက်ကို ဗိုင်းရပ်စ်စစ်ဆေးတာတို့၊ လိုအပ်မယ့် Security Update တွေ လုပ်တာတို့ ပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

ကိုယ့် password လေးလုံခြုံရဲ့လား...စစ်ကြည့်ရအောင်

ဒီ၁ခါ ကျွန်တော်တင်ပေးချင်တာက သူငယ်ချင်းတို့တွေ ခုတလောဖြစ်နေတဲ့ password တွေ hack ခံနေရတယ်လို့
ကြားလို့ မိမိ password တွေ Heck မခံရအောင်ဒီအကြောင်းလေးတင်ပေးလိုက်ပါတယ်ခင်ဗျား....
အင်တာနက်အသုံးပြုသူတို့အဖို့လူမူကွန်ရက်ဆိုဒ်တွေ အီမေးလ် ၀င်ဆောင်မှုစတာတွေကို ရယူသုံးဆွဲတဲ့အခါတိုင်း ကိုယ့်သတင်းအချက်အလက်တွေ လုံခြုံေ၇းအတွက် (password) ကိုအသုံပြုကြရပါတယ်။ဒါပေမယ့် ပြင်တွင်းက သုံးဆွဲသူတွေ လက်လန်းမီတဲ့ အင်တာနက် ဆိုတာက ဗဟုသုတ၊ဖျော်ဖြေရေးနဲ့၊ လူမှူကွန်ရက်ဆိုဒ်တွေလောက်ဖြစ်ပြီး ငွေကြေး၊စီပွားရေး၊လုပ်ငန်းကိုင်ငန်းစတာတွေမပါဝင်လှပါဘူး။ဒါကြောင့်လဲ အသုံးပြုသူအများစုဟာ လုံခြုံရေးပိုင်းကို ဂရုစိုက်မှု အားနဲလှပြီး password ဆိုပေမယ့် အလွဲပေးထားတက်ကြပါတယ်။နိုင်ငံတကာ password သိန်း၆၀ ကျော် အပေါ်မှာ ပြုလုပ်ထားတဲ့ စစ်တန်း၁ရက်အရလဲ password နဲ့ 123456 စတဲ့ စကားလုံးတွေကို ကိုယ့်စကားဝှက်အဖြစ် လွယ်လွယ်သုံးပြုသူဦးရေဟာ 8.5ရာခိုင်နှုန်းတောင်၇ှိနေပါတယ် ဒါကြောင့်မို့ လုံခြုံရေး သတိ၊အသိလေးနဲ့ ကိုယ့်ကွန်ပြူတာမှာ သို့မဟုတ် ကိုယ့်အီးမေးလ်မှာ လက်ရှိသုံးပြုနေတဲ့ စကားဝှက်လေးဟာ ဘယ်လောက်ထိ လုံခြုံသလဲဆိုတာ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ဖို့ website လေး၁ခုကိုညွှန်းပေးချင်ပါတယ်။
How Secure is my password?
ဆိုတဲ့မေးခွန်းလေးနဲ့ အမည်ပြုထားတဲ့ website မှာကိုယ်အသုံးပြုနေတဲ့ password တွေရဲ့ လုံခြုံစိတ်ချရမှုအတိုင်းအဲဒါကို စစ်ဆေးကြည့်၇ှုနိုင်ပါတယ်။ ဆိုဒ်ရဲ့ အဖွင့်စာမျက်နှာမှာရှိတဲ့ next box ကွက်လပ်လေးမှာ ကိုယ်စမ်းသပ်လိုတဲ့ password ကို ရိုက်ထဲ့ပေးလိုက်ရုံနဲ့ အကယ်ရှ်ျများ ဒီ password ကို တစ်စုံတစ်ယောက်က hack လုပ်ခိုးယူဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လောက် အချိန်ယူရမယ်ဆိုတာ ဖော်ပြပေးပါတယ်။ ဒါ့အပြင်ကိုယ့် password ဟာစကားလုံးတွေကြီးဖြစ်နေပါသလား၊@ # စတဲ့အထူးပြုအက္ခရာတွေပါဝင်သလား၊တအားတုလွန်း ၊ ရှည်လွန်းနေသလား။ စတာတွေကိုကြည့်ရှုပြီး အားသာချက်၊အားနဲချက်တွေကို လိုတိုရှင်းထောက်ပြဝေဖန်ပေးဦးမှာလဲဖြစ်ပါတယ်။
ဒီwebsite မှာအသုံပြုထားတဲ့နည်းပညာ အရရိုက်ထဲ့လိုက်တဲ့ password တွေကိုတိတ်တဆိတ် မှတ်သားထားခြင်းမျိုးမရှိဘဲ အသုံးပြုပြီးတာနဲ့ချက်ချင်းဖျက်ပေးမှာဖြစ်ပါတယ်။စိတ်ချလက်ချသာ စမ်းသပ်နိုင်ပါတယ်ခင်ဗျာ..
အကယ်ရှ်ျ သင့် password ပျက်သွားရင် ကွန်တော် ( ခွန် ) တာဝန်ယူဖြေရှင်းပေးပါ့မယ်ခင်ဗျာ.. .စိတ်ချလက်ချသာအသုံးပြုနိုင်ပါတယ်ခင်ဗျာ..
စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့. ဒီမှာပါခင်ဗျာ.http://howsecureismypassword.net/
အဆင်ပြေပါစေနော်...
ခွန်......
မင်္ဂလာ ပေါင်းနဲ့ ပြည့် စုံပါစေ